ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ၁၁၀၀ ကျော် ခေါ်ယူမည်

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ၁၁၀၀ ကျော် ခေါ်ယူမည်


Ministry of Information/ Naypyitaw / May 02, 2024
image_latest


ရန်ကုန် မေ ၁

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၁၁၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဧပြီ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမားအမျိုးသား ၃၈၀ ကျော်၊ အမျိုးသမီး ၈၁၀ ကျော် စုစုပေါင်း ၁၁၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမား ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်းလည်း သိရသည်။

အသိပေးထား

မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက်အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်အထိလက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၀၈ ခုနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်အပ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၃၀ ရက်တွင် အသိပေးထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က မြန်မာသံရုံးတိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မတ် ၅ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၀၃ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၃၀ ကျော်၊ အမျိုးသမီး ၉၄၀ ကျော် စုစုပေါင်း ၁၂၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

MT

HOT NEWS
January 4,