စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် နန္ဒာဝန်ကွက်သစ်ရပ်၊ ဆေးရုံအဟောင်းလမ်းတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

Ministry of Home Affairs/ နေပြည်တော် / April 26, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် နန္ဒာဝန်ကွက်သစ်ရပ်၊ ဆေး ရုံအဟောင်းလမ်းတွင် လုံးပတ် ၁၀ ပေ၊ အမြင့် ၄၀ ပေခန့်ရှိ ကုက္ကိုပင်ကိုင်းခြောက်ပဲ့ကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းမြို့နယ်မီးသတ်စ ခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီတွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။