စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁)၊ ဘုရားငါးဆူလမ်းတွင် နေအိမ်မီးလောင်မှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁)၊ ဘုရားငါးဆူလမ်းတွင် နေအိမ်မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2023


     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁)၊ ဘုရားငါးဆူလမ်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ ၁၀၃၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်သက်ထား‌ဆွေ‌၏ (၈x၁၈)ပေ သွပ်မိုး၊ ထရံကာ၊ (၁) ထပ်၊ နေအိမ်တွင် အင်ဗာတာဖြင့် ဘက်ထရီအိုးအားသွင်းထားရာမှ ဘက်ထရီအိုးပွင့်ထွက်ပြီး အားသွင်းထားသည့်ဘက်ထရီညှပ်ကလစ်မှ မီးပွားထွက်၍ အက်ဆစ်နှင့်ထိတွေ့ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ် ဦးစီးမှူးရုံးနှင့် မုံရွာခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၉) စီးဖြင့် သွားရောက်၍ မီးငြိမ်းသတ်ခဲ့ရာ ၁၁၃၀ အချိန် မီးငြိမ်းခဲ့ပါသည်။

    အဆိုပါ မီးလောင်မှုကြောင့် အဆောက်အဦ (၁၈) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဖခင်ဖြစ်သူ ဦးငွေအား မုံရွာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

 

HOT NEWS
January 4,