စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Nay Pyi Taw / July 01, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်နေ သိန်းနိုင်ဆွေ(ခ)ချန်ထွန်း(၅၈)နှစ်၊ အမှတ် (၁)ရပ်ကွက်နေ နေမျိုးထွန်း(ခ)မင်းမင်း(၄၅)နှစ်၊ အမှတ်(၁၀)ရပ်ကွက်နေ မခင်ငြိမ်းချမ်း(ခ)မဂျမ်း(၃၆)နှစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဆည်တိုကျေးရွာနေ သိန်းထွန်း(၅၄)နှစ် တို့အားလည်းကောင်း။
အလားတူ ဇွန် ၂၉ ရက် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ သန်းစိုး(၃၁)နှစ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ အောင်မြိုင်ဝင်း(၄၇)နှစ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ လှအောင်(၅၀)နှစ်၊ မော်လမြိုင်မြို့နယ်၊ ငှက်ပျောတောကျေးရွာနေ စောဆန်းမင်းအောင်(၂၂)နှစ်၊ ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာနေ အနိုင်(၃၂)နှစ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရပ်ကွက်(၁)နေ ခိုင်မင်းဦး(၃၃)နှစ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာနေ ကျော်ဆန်းဝင်း(၃၇)နှစ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနေ အောင်စိုး(၃၄)နှစ်တို့အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။