စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ “SAGAING CINEMA” ရုပ်ရှင်ရုံ မီးလောင်မှု

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ “SAGAING CINEMA” ရုပ်ရှင်ရုံ မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 14, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ ၂၀၀ x ၄၀ ပေ၊ Steel Struc ture နှစ်ထပ် “SAGAING CINEMA” ရုပ်ရှင်ရုံ အပေါ်ထပ်ရှိ ၈၀ x ၄၀ ပေ ရုပ်ရှင်ပြခန်းတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော မျက်နှာကြက်သံပန်းအား ဝရိန်ဆော်ရာမှ အနီးရှိ အသံလုံဆိုးပြားပေါ်သို့ မီးပွားကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်၊ မြို့နယ် မီးသတ်စခန်းများမှ မီး သတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၃ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ဆိုဖာထိုင်ခုံ ၃၀၀ လုံး၊ ရုပ်ရှင်ပြစက် တစ်လုံး၊ ပိတ်ကား တစ်ချပ်၊ အဲယားကွန်း ခြောက်လုံး၊ ၈၀ x ၄၀ ပေ ရုပ်ရှင်ပြခန်းရှိ မျက်နှာကြက်နှင့် အသံလုံဆိုးပြားများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ရုပ်ရှင်ရုံမန်နေဂျာ ဒေါ်ယဉ်ယဉ်ထွေး(၄၈)နှစ်အား စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိပါသည်။