စနေအထူးစုပေါင်းသန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / December 03, 2023
image_latest


ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံဝင်းအတွင်း စနေအထူးစုပေါင်း သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာရုံဝင်းအတွင်း မြေထိန်းနံရံများရှိ ရေညှိများနှင့် တွယ်ကပ်ပင်များ၊ အဆောက်အအုံအမိုးပေါ်ရှိ အမှိုက်များနှင့် အဆောက်အအုံနှင့် ထိစပ်နေသည့်သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် အတွင်းရှိ ချင်းတွင်းလမ်းဘေးဝဲ/ယာနှင့် ရတနာလမ်းဘေးဝဲ/ယာ တို့တွင် မြက်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်‌နေမှုနှင့် ရတနာလမ်းနှင့်မြနန္ဒာလမ်းအကြား ချင်းတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်