ညောင်ပင်ရွာ ကျေးလက်လမ်း အဆင့်မြှင့်တင်ပြီးစီး
ညောင်ပင်ရွာ ကျေးလက်လမ်း အဆင့်မြှင့်တင်ပြီးစီး
Ministry of Cooperatives and Rural Development/ Naypyitaw / February 19, 2024
ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်း အရှည် ခုနစ်ဖာလုံကို ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၈၅ သန်းဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။ ကတ္တရာလမ်း အဆင့်မြှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဖေဖော်ဝါရီ ၁၇ ရက်က မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံ အင်ဂျင်နီယာများက ကြည့်ရှုစစ်ဆေးပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကတ္တရာလမ်း ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)
