တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်


Ministry of Information/ Naypyitaw / September 22, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)၊ တနင်္သာရီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နာယက တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)က အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟို အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,