တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အတွင်း ဝင်ရောက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ ရုံးအဆောက်အအုံနှင့် လူနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်အတွင်း ဝင်ရောက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ ရုံးအဆောက်အအုံနှင့် လူနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်
Ministry of Home Affairs/ နေပြည်တော် / November 26, 2025
နိုင်ငံရေးအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများသည် “ပြည်သူလူထု အကျိုးအတွက်” ဟု ခေါင်းစဉ်တပ် အမည်ခံကာ နိုင်ငံတော်အတွင်း အဖျက်အမှောင့်လုပ်ငန်း များအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာ ၂၅ မိနစ်အကြာတွင် အကြမ်းဖက် သမားများက နန်းတောင်ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း။
အဆိုပါ အကြမ်းဖက်သမားများသည် ၎င်းတို့ဆုတ်ခွာစဉ် ပုလောမြို့နယ်၊ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်၏ နေအိမ်တို့အား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် RC တစ်ထပ်၊ သွပ်မိုးရုံး အဆောက်အအုံ တစ်လုံး၊ ရုံးစားပွဲ လေးလုံး၊ ပလတ်စတစ်ထိုင်ခုံ ၃၀ လုံး၊ မဲဆန္ဒရှင် ၂,၂၇၃ ဦး၏ အမည်စာရင်းများ ကပ်ထားသည့် အထပ်သားကြော်ငြာဆိုင်းဘုတ် သုံးခု၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၅ သိန်းခန့်နှင့် ဦးဇာနည်အောင် ပိုင်ဆိုင်သည့် RC နှစ်ထပ်၊ သွပ်မိုး နေအိမ် တစ်လုံး တန်ဖိုးငွေကျပ် သိန်း ၂၅၀ ခန့်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဆက် လက်၍ ပုလောမြို့နယ်မြန်မာ့ဆက်သွယ်ရေးစာတိုက်ရုံးအတွင်းသို့ ဝင်ရောက်ကာ ရုံးခန်းအတွင်းရှိ စာရွက် စာတမ်းများ၊ ၅၀၀ ကျပ်တန် တံဆိပ်ခေါင်း ၁၅၀ ခု၊ ၁၀၀ ကျပ်တန် တံဆိပ်ခေါင်း ၂၅၀ ခု၊ ၁၆၀၀ ကျပ်တန် အထူးတံဆိပ်ခေါင်း ရှစ်ချပ်တို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ယုတ်မာရိုင်းစိုင်းသည့် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ် များကို မီးရှို့ဖျက်ဆီးခြင်း၊ ဝင်ရောက်လုယက်ခြင်းများစသည့် အဖျက်အမှောင့်လုပ်ငန်းများအား ကျူးလွန်လုပ်ဆောင်ခဲ့သော အကြမ်းဖက်သမားများအား အမြစ်ဖြတ်ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေရှင်း လင်းရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
