တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / April 24, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။