တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ


Ministry of Defense/ နေပြည်တော် / May 26, 2023


              တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် မေလ ၁၇ ရက်မှ ၂၃ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း    ၅,၅၀၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁,၆၀၇ ဦး၊ ခွဲစိတ်ရောဂါ ၄၉၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၂၉ ဦး၊ ကလေးရောဂါ ၂၃၂ ဦး၊ အရိုးရောဂါ ၆၃၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၂၉၆ ဦး၊ မျက်စိရောဂါ    ၁,၃၆၅ ဦးနှင့် သွားရောဂါ ၆၄၆ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၅,၅၀၉ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့သည့်အပြင် အထွေထွေခွဲစိတ်လူနာ ၁၀၃ ဦး၊ မျက်စိခွဲ  စိတ်လူနာ ၁၀၅ ဦး၊ သွား နုတ်/ဖာ/ဆေးထည့်လူနာ ၂၈၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈၂ ဦး၊ Ultrasound ရိုက်လူနာ ၄၁၈ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၆၈၄ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်း  သပ်လူနာ ၃၅၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဆေးကုသရေးအဖွဲ့သည် ဒေသခံပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် လိုအပ်သောသူများအား ကာကွယ်ဆေးထိုးပေးခြင်း၊ Mask များဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ တာဝန်ရှိသူများက ဆေးကုသပေးနေမှုများကို လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

(မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)