တရားမအထူးအယူခံမှု ငါးမှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု လေးမှု ရုံးထိုင်ကြားနာ

တရားမအထူးအယူခံမှု ငါးမှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု လေးမှု ရုံးထိုင်ကြားနာ


Ministry of Information/ Naypyitaw / January 25, 2022
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၄/၂၀၂၀ (မကွေး)၊ ၁၆/၂၀၂၀ (မန္တလေး)၊ ၂၀/၂၀၂၀ (မန္တလေး)၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀ (ရှမ်း) စုစုပေါင်း တရားမအထူးအယူခံမှု ငါးမှု တို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၄ / ၂၀၂၁ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၃၂/ ၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု လေးမှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,