တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 26, 2024
image_latest


            ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးများရရှိစေရန်  ရင်းတိုက်ကွင်း ကျေးရွာအုပ်စု ၊ ဒိုက်ကံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို ဖေဖော်ဝါရီလ ၂၂ ရက်က ဆောင်ရွက်သည်။

ရှေးဦးစွာ တိုက်ကြီးခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဒိုက်ကံကျေးရွာရှိ ရပ်မိရပ်ဖများ ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသူအသင်းသားများ ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းအကြောင်းအရာများ ၊ ရည်ရွယ်ချက်များနှင့် ၊ အကျိုးကျေးဇူးများကို ပြောကြားသည်။

ထို့နောက်စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ် ချေးရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်များကို ပြောကြားကာ မြို့နယ်ဦးစီးမှူးက ဒိုက်ကံကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များထံ လည်ပတ်ရန်ပုံငွေ ငွေကျပ် ၃၇၂ သိန်းကိုလွှဲပြောင်းပေးအပ်သည်။

   ယင်းနောက်မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဝင်များက ဒိုက်ကံကျေးရွာရှိ အသင်းသူအသင်းသားစုစုပေါင်း ၉၉ ဦးအတွက် လည်ပတ်ရန်ပုံငွေ ငွေကျပ် ၃၇၂ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။