တိုက်ကြီးမြို့နယ်၌ ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

တိုက်ကြီးမြို့နယ်၌ ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်


Ministry of Cooperatives and Rural Development/ Naypyitaw / March 29, 2024
image_latest


တိုက်ကြီး မတ် ၂၈

        (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မလေးရှားဝိုင် ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာလမ်း မုခ်ဦးရှေ့ မဏ္ဍပ်၌ ကျင်းပခဲ့သည်။

     ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မေတ္တာအေးကျေးရွာအဝင် ကျေးလက်ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မေတ္တာအေးကျေးရွာအဝင် ကျေးလက်ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးသည်။

     မေတ္တာအေးကျေးရွာအဝင် ကျေးလက်ကွန်ကရစ်လမ်းသစ်သည် အရှည် ၀/ ၅ ဒသမ ၇၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ခုနစ်လက်မရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၇၅ ဒသမ ၈၆၂ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

                                                                                       ဉာဏ်ဟိန်း

HOT NEWS
January 4,