တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / October 02, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁

၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ရှိ သက်ဆိုင်ရာခန်းမအသီးသီး၌ပြုလုပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများအသီးသီးပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားကြသည်။

ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသူများ၊ တစ်ဆင့်မြှင့်ရာထူးရရှိသူများနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများနှင့် အဆင့်တံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip နှင့် ခင်းကျင်းပြသထားသော ပြခန်းများနှင့် နံရံကပ်စာစောင်များအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,