ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့်ဖြစ်စဉ်များ တားဆီးနိုင်ရေးဆွေးနွေး

ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့်ဖြစ်စဉ်များ တားဆီးနိုင်ရေးဆွေးနွေး


Ministry of Information/ Naypyitaw / October 07, 2022
image_latest


နေပြည်တော် အောက်တိုဘာ ၆

အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Suchart Chomklin နှင့် တာဝန်ရှိသူများကို သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးဦးဝင်းရှိန်က ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI- Certificate of Identity) ထုတ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး၏ တောင်းဆိုမှုအပေါ်မူတည်၍ ထိုင်းနိုင်ငံရှိ CI သက်တမ်းတိုးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများကို လာရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး ထိုင်းအလုပ်အကိုင်ဌာနမှ ဖိတ်ကြားခြင်းကို ကျေးဇူးတင်ရှိပါကြောင်း။

ထိုင်းနိုင်ငံခရီးစဉ်တွင် CI သက်တမ်းတိုးစခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး တောင်းဆိုထားသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI အသစ်ထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်အသေးစိတ်ကို နှစ်နိုင်ငံအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် နှစ်နိုင်ငံအလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘော ဆောင်သည့် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း။

ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံလုပ်ငန်းရှင်များ၏ လုပ်သားလိုအပ်ချက် မြင့်မားခဲ့မှုကို ဖြည့်တင်းရန်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ကပ်ရောဂါကာလအလွန် MoU လုပ်ငန်းစဉ်များ ပြန်လည်စတင်ခဲ့ပြီး မေ ၁၀ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ MoU အလုပ်သမား စုစုပေါင်း ၅၆၂၃၇ ဦး စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် အလုပ်ခေါ်စာများပယ်ဖျက်ခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် စာချုပ်ပယ်ဖျက်ခြင်းကိစ္စများမဖြစ်စေရေး၊ ထိုင်းအလုပ်ရှင်များက MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့် ဖြစ်စဉ်များရှိသဖြင့် အလားတူဖြစ်ရပ်များကို တားဆီးနိုင်ရေး၊ MoU စနစ်ကို ထိခိုက်မှုမရှိစေရေး၊ MoU စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေး ဘတ် ၅၀၀ သို့ လျှော့ချသည့် အမိန့်စာ အမြန်ဆုံးထုတ်ပြန်နိုင်ရေး၊ CI သက်တမ်းတိုးလုပ်ငန်းစဉ်ဆောင်ရွက်မှုသည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးကိစ္စများ၊ ပထမအကြိမ်ကဲ့သို့ လုပ်ငန်းစဉ်ရပ်ဆိုင်းမှုမရှိစေရေးအတွက် သက်တမ်းတိုးဖွင့်လှစ်ခွင့်ရရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။              

သတင်းစဉ်

HOT NEWS
January 4,