ဒုတိယဝန်ကြီးဦးမြင့်စိုး စစ်တွေမြို့နယ် မှန်စီကျေးရွာသွား ကားလမ်းပေါ်ရှိ ပေ ၅၀ ဘေလီတံတား တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information/ Naypyitaw / June 01, 2023
image_latest

စစ်တွေ မေ ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် မင်းဂံ-မှန်စီ ကျေးရွာလမ်း ၃/၂ မိုင်ပေါ်ရှိ မုန်တိုင်းဒီရေကြောင့်ပျက်စီးသွားသော ကွန်ကရစ်တံတားနေရာ၌ ပေ ၅၀ ဘေလီ တံတားအစားထိုးတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။အဆိုပါ ဒါးပိုင်ချောင်းကူး ပေ ၂၀ ကွန်ကရစ်တံတားသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်ခဲ့သောတံတားဖြစ်ပြီး မင်းဂံ-မှန်စီ ကွန်ကရစ်လမ်းသည်လည်း စည်ပင်သာယာအမှိုက်သိမ်းယာဉ်များ ဖြတ်သန်းအသုံးပြုနေသောလမ်း ဖြစ်သည်။ ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီဘေလီတံတား ပြန်လည်တည်ဆောက်ပေးလျက်ရှိရာ အမြန်ပြီးစီးရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးတောပိုက်စိပ်ရပ်ကွက်၌ ဆိုလာသုံးရေသန့်စက်သုံးလုံးဖြင့် ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ပေးဝေမှုကိုလည်းကောင်း၊ ဆက်လက်၍ မင်းဒရားချိတ်ရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်တို့တွင် ရွေ့လျားရေသန့်ယာဉ်ဖြင့် ရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း လိုက်လံအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
May 31,

Subcribe to us

Government Directory