ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ ကွင်းဆင်းကြည့်ရှုပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ ကွင်းဆင်းကြည့်ရှုပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ
Ministry of Hotels, Tourism and Culture/ နေပြည်တော် / June 02, 2026
နေပြည်တော် ဇွန်လ ၁ ရက်
ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ခရီးသွားဆွဲဆောင်ရာ အထင်ကရနေရာတစ်ခုဖြစ်သည့် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင်ရှုခင်းကြည့်ရထားခရီးစဉ်ဖြင့် ဂုတ်ထိပ်တံတားအားလှည့်လည်ကြည့်ရှုသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ပြင်ဦးလွင်မြို့၌ ရှိနှင့်ပြီးသော ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများအပြင် အသစ်ဖော်ထုတ်နိုင်သော ခရီးစဉ် ဒေသများကို ဖော်ထုတ်မြှင့်တင်သွားကြရန်လိုအပ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင် များအသင်း (ပြင်ဦးလွင်ဇုန်)မှအဖွဲ့များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ရုံးခွဲ၌ တာဝန် ထမ်းဆောင် နေကြသော အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများအားသက်သာချောင်ချိရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ခရီးသွားသတင်း အချက်အလက်ကောင်တာ(Information Counter) ကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိသည်။
သတင်းစဉ်
Source From: Kye Mon
