ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် စစ်ပင်ဆိပ်ယာယီချောင်းပိတ်မြေသားတမံ ဆောင်ရွက်ထားရှိမှုနှင့် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှုကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် စစ်ပင်ဆိပ်ယာယီချောင်းပိတ်မြေသားတမံ ဆောင်ရွက်ထားရှိမှုနှင့် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှုကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 11, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာအနီး ပဲခူးမြစ်ခွဲစစ်ပင်ဆိပ်ချောင်းပေါ်၌ ဆောင်ရွက်ထားသော ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များသို့ နှစ်စဉ်နွေစပါးနှင့်် အခြားသီးနှံစိုက်ပျိုးရေပေးဝေရန် ဆောင်ရွက်ထားသည့် စစ်ပင်ဆိပ်ယာယီချောင်းပိတ် မြေသားတမံဆောင်ရွက်ထားရှိမှုနှင့် ရေရှည်အတွက် ရေတံခါးတည်ဆောက်ရန် လျာထားနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နွေစပါးချောင်းပိတ် ယာယီမြေသားတမံဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေသားချောင်းပိတ်တမံနေရာတွင် အခိုင်အမာရေတံခါးတည်ဆောက်ရန် လျာထားမှုအခြေအနေများနှင့် ဒီဇိုင်းပုံစံရေးဆွဲပြီးစီးမှုအခြေအနေများ၊ ပဲခူးမြို့နယ် ဇောင်းတူရေလွှဲဆည်မှ မိုးယွန်းကြီး ရေလှောင်ကန်၊ ပဲခူးစစ်တောင်းတူးမြောင်းမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များရှိ နွေစပါးစိုက်ဧက ၅၄၈၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီး မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေးရေပေးဝေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လျာထားစိုက်ဧကများ အချိန်မီရေပေးဝေနိုင်ရေး၊ ဒီဇိုင်းပုံစံများ အသေးစိတ်ရေးဆွဲပြီး ရေရှည်အတွက် အကျိုးရှိနိုင်မည့် ရေတံခါးတည်ဆောက်နိုင်ရေး၊ အခြားနည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နွေးစပါးချောင်းပိတ် ယာယီမြေသားတမံကို ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ လဂွမ်းပြင်ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လျာထားစိုက်ဧကအပြည့်အဝရေပေးဝေနိုင်ရေး ဆွေးနွေးမှာကြားသည်။ အလားတူ ငမိုးရိပ်ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ အောင်နိုင်တိုးစပါးမျိုးသန့်စိုက်ခင်း ၁၆ ဧကနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ အသုံးပြု၍ နွေစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး အောင်နိုင်တိုးစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းဆွေးနွေးသည်။

လဂွမ်းပြင်ဆည်ရေသောက်စနစ်အနေဖြင့် နွေစပါး ၄၈၅၂ ဧက၊ အခြားနွေသီးနှံ ၅၂၆ ဧက စုစု ပေါင်း ၅၃၇၈ ဧက လျာထားစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး အလားတူ ငမိုးရိပ်ဆည်ရေသောက်စနစ်အနေဖြင့်လည်း နွေစပါး ၂၂၁၃၃ ဧက၊ အခြားနွေသီးနှံ ၈၄၃၄ ဧက စုစုပေါင်း ၃၀၅၆၇ ဧက လျာထားစိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,