ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာ၌ ရုရှားသဘာဝမြေဩဇာသုံး နေကြာစိုက်ခင်းရိတ်သိမ်းပြီးစီးမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / February 26, 2024
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာရှိ ရွှေကြာဖြူ(၁)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဝင်းဗိုလ်၏ နေကြာ၊ မြေပဲစိုက်ခင်းများအနက် ရုရှားသဘာဝမြေဩဇာ အသုံးပြု၍ စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာမျိုး တစ်ဧကရိတ်သိမ်းပြီးစီးမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ နေကြာစမ်းသပ် စိုက်ခင်းကို ပြီးခဲ့သည့်နှစ် နိုဝင် ဘာ ၁၆ ရက်တွင် စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရိတ်သိမ်းခဲ့ရာ တစ်ဧကအစို အထွက်နှုန်း ၇၂ တင်း၊ အခြောက် အထွက်နှုန်း ၆၈ တင်း ထွက်ရှိခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်