ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပညာသိပ္ပံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပညာသိပ္ပံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 26, 2025
image_latest


နေပြည်တော် ဩဂုတ် ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပညာသိပ္ပံကျောင်း ခန်းမဆောင်၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ လေကြောင်းပညာသိပ္ပံကျောင်းအုပ်ကြီးက လေကြောင်းပညာသိပ္ပံနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Airfield Lighting ခန်းမ၌ Aerodrome Layout  များ၊ Runway Lighting များကို Model Display ဖြင့် ရှင်းလင်းပြသခြင်း၊ Communication & Navigations Aids ခန်းမ၌ DOVR Equipment နှင့် HF၊ VHF စက်များကို ရှင်းလင်းပြသခြင်း၊ 270 ဒီဂရီ 3D ATC TOWER SIMULATOR ခန်းမ၌ အသစ်တပ်ဆင်ထားသည့် SIMULATOR ဖြင့် သရုပ်ပြရှင်းလင်းခြင်း၊ No.44 & No.45 Aerodrome Control Rating Training Course သင်းကြားနေမှုအခြေအနေ၊ Aircraft Rescue & Firefighting Leadership Course 2/2025 ပို့ချနေမှုအခြေအနေ၊ Computer Lab Room နှင့် Aircraft Firefighting Equipment ခင်းကျင်းထားမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်