ဒုတိယဝန်ကြီး ဦးအေးကျော် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / January 05, 2024
image_latest


နေပြည်တော် ဇန်နဝါရီ ၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ အထက(၈) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေး

ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အထောက်အကူပြုဆောင်ရွက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲအခမ်းအနား ကျင်းပသည့် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အထက(၈) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအနက် (ကျား/မ) မီတာ(၁၀၀) အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ ထုပ်ဆီးတိုးပြိုင်ပွဲယှဉ်ပြိုင်နေမှု၊ ဘော်လီဘော အားကစားယှဉ်ပြိုင်နေမှု အပါအဝင် အခြားသော အားကစားပွဲစဉ် ၂၁ ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး အနိုင်ရရှိသည့် အသင်းသားများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်၍ အားပေးစကားများ ပြောကြားသည်။

 (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် အာလူးကောက်ပြေးပြိုင်ပွဲ (ကျား/မ)၊ မုန့်စားပြိုင်ပွဲ (ကျား/မ)၊ ပူဖောင်းဖောက်ပြိုင်ပွဲ (ကျား/မ)၊ ဂုန်နီအိတ် စွပ်အပြေးပြိုင်ပွဲ (ကျား/မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ (ကျား/မ)၊ ခြေပူးပြေးပြိုင်ပွဲ (ကျား/မ)၊ အလျားခုန်ပြိုင်ပွဲ (ကျား/မ)၊ ဖယောင်းတိုင်မီးထွန်းပြိုင်ပွဲ (ကျား/မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား/မ)၊ ဘော်လီဘောပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲတို့တွင် ကျောင်းသား ကျောင်းသူများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

သတင်းစဉ်