နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) အပိုင်း(၃) (Diploma in IFRS ၊ Batch-I ၊ Level-III) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) အပိုင်း(၃) (Diploma in IFRS ၊ Batch-I ၊ Level-III) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / March 27, 2025
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁)၊ အပိုင်း(၃) (Diploma in IFRS ၊ Batch-I ၊ Level-III) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ (Public Interest Entities) နှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာ၌လည်းကောင်း၊ စာရင်းစံဆိုင်ရာအသိပညာဗဟုသုတများ သိရှိနားလည်၍ စာရင်းပညာပြန့်ပွားစေရန်နှင့် စာရင်းပညာတတ်ကျွမ်းသူ နိုင်ငံ့ဝန်ထမ်းများ တိုးပွားများပြားလာစေရန်ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများကို လက်တွေ့တွင် ပြန်လည်အသုံးချခြင်းဖြင့် စာရင်းကိုင်စနစ် ပိုမိုတိုးတက်ကောင်းမွန်ရန် ထိရောက်စွာပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ IFRS စာရင်းစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ဆီလျော်မှန်ကန်သောစာရင်းများဖြစ်အောင် ပြုစုရေးဆွဲ၍ အကြံပြုချက်များပေးရာတွင်လည်းကောင်း၊ စာရင်းစံများနှင့်အညီဖြစ်စေရေး စိစစ်ကြီးကြပ်စစ်ဆေး ကြရာတွင်လည်းကောင်း ပိုမိုကောင်းမွန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများရှိ သည့် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာမူဘောင်များကို လိုက်နာကျင့်သုံးလာနိုင်မှာဖြစ်ပါကြောင်း၊ ထို့ပြင် စွမ်းဆောင်ရည်ပိုမိုပြည့်ဝတိုးတက်လာနိုင်ခြင်း၊ ကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဖြစ်ပေါ်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုလည်း ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
IFRS သင်တန်းတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံ (၁၂) ခုကို ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ (၁၁) ဦး၊ ဝန်ကြီး ဌာန(၁၃) ခုမှ (၃၂) ဦးစုစုပေါင်း သင်တန်းသား (၄၃) ဦး တက်ရောက်မည်ဖြစ်သည်။ IFRS သင်တန်းကို ယနေ့မှစ၍ ဇူလိုင်လ ၁၅ ရက်နေ့အထိ သင်တန်း ကာလ (၃) လကျော်ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။ Level (III) အထိ တက်ရောက်အောင်မြင်သူများကို ဒီပလိုမာလက်မှတ် (Diploma in IFRS) ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝ ရတ်ခန်းမတွင်လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။