နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Quarantine မှ ထွက်လာသူများနှင့် ပတ်သက်၍ သတင်းစကားပါး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Quarantine မှ ထွက်လာသူများနှင့် ပတ်သက်၍ သတင်းစကားပါး


Ministry of Information/ ​နေပြည်တော် / April 08, 2020


နေပြည်တော်   ဧပြီ   ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Quarantine မှ ထွက်လာသူများနှင့် ပတ်သက်၍ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် အောက်ပါအတိုင်း သတင်းစကားပါး ရေးသားထားသည် -

Quarantine က ထွက်လာသူတွေ၊ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ရောဂါဖြစ်ဖို့ အန္တရာယ်ကြီးတယ်ဆိုတာ မမေ့ကြပါနဲ့။

COVID-19 စိန်ခေါ်မှုကို တာဝေးအပြေးသမား စိတ်ဓါတ်နဲ့ ရင်ဆိုင်ရမှာပါ။ ရေရှည်ရပ်တည်နိုင်ဖို့ အားတွေမွေးရပါမယ်။ တစ်ရက်ချင်း၊ တစ်ရက်ချင်းကို မှန်ကန်တည်ငြိမ်စွာ၊ အင်အား မပြုန်းတီးအောင် သတိနဲ့ ဖြတ်သန်းသွားကြဖို့လိုပါမယ်။

အစိုးရိမ်လွန်ခြင်းဟာ သတိရှိခြင်း မဟုတ်ပါဘူး။ သတိအားနည်းလို့ အစွန်းဘက်ကို ချော်သွားတာပါ။ တာဝန်အရ ဆောင်ရွက်တာတွေကို မကျေနပ်လို့ ကြမ်းကြမ်းတမ်းတမ်းပြုမူ မှုတွေကြောင့် ဥပဒေအရ အရေးယူရတာတွေတောင် ရှိပါတယ်။

Masks တွေ လုံလုံလောက်လောက်ရနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ အိမ်မှာချုပ်ကြတာကော အဆင်ပြေနိုင်မလား၊ ဒါတွေလည်းစဉ်းစားရပါတယ်။ ကျွန်မ တစ်ခုစမ်းချုပ်နေပါတယ်။

အခက်ခဲဆုံးကာလတွေဟာ ဖြူစင်တဲ့ မေတ္တာ၊ စေတနာရဲ့ အရောင် အတောက်ပဆုံး အချိန်ဖြစ်ပါတယ်။

တတ်နိုင်တဲ့နည်းနဲ့ COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေးမှာ ပါဝင်ပံ့ပိုးကူညီနေတဲ့ ကျွန်မတို့ ပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မေတ္တာခြုံလို့ လုံပါစေ၊

စေတနာဆောင်လို့ အောင်ပါစေ။

HOT NEWS
January 4,