နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ Nay Pyi Taw / June 16, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် နံနက် ၅ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၇ မိုင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ မန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဝင်းထွန်း(၂၅)နှစ် မောင်းနှင်ပြီး မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်နေ ကျော်လင်း(၅၅)နှစ် လိုက်ပါလာသည့် MDY-17/5H-XXXX MITSUIBISHI FUSO ၆ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ် နေရာအရောက် အနှေးယာဉ်ကြောပေါ်၌ ဘီးပေါက်၍ ရပ်တန့်ထားသည့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဆယ်ပြည့်ရပ်ကွက်နေ မျိုးသူ(၃၇)နှစ် မောင်းနှင်သည့် SHN-18/2C-XXXX NISSAN DIESEL ၁၀ ဘီး မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ကျော်လင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မျိုးသူတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မျိုးသူနှင့် ကျော်ဝင်းထွန်းတို့ နှစ်ဦးအား ပလွေးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။