နေပြည်တော်တွင် “လမ်းလျှောက်သင်္ကြန်” အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်တွင် “လမ်းလျှောက်သင်္ကြန်” အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / March 14, 2023

နေပြည်တော် မတ် ၁၃
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်တွင် “လမ်းလျှောက် သင်္ကြန်” အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Brilliant Aura Co.,Ltd မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စီမံဆောင်ရွက်လျက်ရှိ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ သင်္ကြန်ပွဲတော် ပိုမိုစည်ကားများပြားမည်ဟု ယုံကြည်ပါကြောင်း၊ နေပြည်တော်ရှိဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများ လူကြီး လူငယ်မရွေး ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းစီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရိုးရာသင်္ကြန်ကို ပေါ်လွင်အောင် ဆင်နွှဲရင်းရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းပြီး လမ်းလျှောက် သင်္ကြန်ကိုလည်း စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေရန်နှင့် အဆင့်မီသော သင်္ကြန်တစ်ခုဖြစ်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများ ပျော်ရွှင်စွာဆင်နွှဲနိုင်စေရေး ပူးပေါင်းပါဝင်ကြမည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က နေပြည်တော်၌ ယခုနှစ်သင်္ကြန်တွင် ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Brilliant Aura Co.,Ltdမှ ပရောဂျက်ဒါရိုက်တာက နေပြည်တော်၌ကျင်းပမည့် လမ်းလျှောက်သင်္ကြန်နှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ရှင်းလင်း တင်ပြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေးအတွက် ရေရရှိရေး၊ ဖျော်ဖြေရေးဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် အားလုံးပါဝင် ပျော်ရွှင်စေရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာကြားဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်