နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ


Ministry of Information/ Naypyitaw / May 06, 2025
image_latest


နေပြည်တော် မေ ၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၃၆ ရက်နေ့မြောက်အဖြစ် ဈေးကား ၁၀ စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မတ် ၃၀ ရက်မှ မေ ၅ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံ ဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိ ဆေးရုံဝန်ထမ်းအိမ်ရာ များ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာ့စီးပွားရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိခရိုင်တရားရုံး၊ အကျဉ်းဦးစီးဌာန-၂ (ကင်းသာ)၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စုပေါင်းရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးအမှတ်-၈)၊ အထူးရဲတပ်ဖွဲ့ရုံး၊ သာသနာရေးဦးစီးဌာန၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ အမျိုးသား ပြတိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ခြောက်ပြည် ပါ (မနောသုခ- Export Quality) ၁၀၃၄၆ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၄၂၁ အိတ်၊ ဆီပိဿာ ၃၇၅၃၀၊ ဆား ၁၆၈၃ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါအိတ် ၅၇၀၄ ထုပ်၊ ငါးပိ ၃၆၁ ပိဿာ၊ အမဲသား ၂၅ ပိဿာ၊ ကြက်အကောင် ၂၅၀၊ ဝက်သား ပိဿာ ၂၀၊ ကြက်ဥအလုံး ၁၇၈၉၀၊ ဘဲဥ ၇၁၁၅ လုံး၊ ငုံးဥ အလုံး ၂၀၀၀၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင် ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပဲ့ခြောက်များ၊ ငါးကြင်းပိဿာ ၉၀ ၊ ငါးတန် ပိဿာ ၉၀၊ ငါးမုတ် ပိဿာ ၇၀၊ ခေါက်ဆွဲ ခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံ သီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့် မုန်ညင်းဖြူ စသည့်ဟင်းသီး ဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား ပိဿာ ၃၀၀၊ ဆိတ်သား ပိဿာ ၁၀၀၊ ကြက်သားအကောင် ၂၀၀၊ ဝက်သား ပိဿာ ၁၀၀၊ ငါးမြစ်ချင်း ပိဿာ ၁၀၀ တို့အား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ယနေ့မှစ၍ အပတ်စဉ်တနင်္လာနေ့တိုင်း အိမ်တိုင်ရာ ရောက်သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းစသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် ယနေ့မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၁၉ အိတ်၊ စားအုန်းဆီ ၄၉၈၃ ပိဿာ၊ ဆား ၈၂ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါ ၄၀၉ ဘူး၊ ငါးပိ ၂၇ ပိဿာ၊ ကြက်သွန်နီ ၅၈၃ ပိဿာ၊ အသားတုပိဿာ ၃၀ ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသောဈေးနှုန်း များဖြင့်ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ ရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) အိတ် ၆၆၀၊ စားအုန်းဆီ ပိဿာ ၆၆၀၀၀၊ ဆား ၅၇ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၉၄ ထုပ်၊ ငါးပိ ၂၂ ပိဿာ၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,