နှင်းဆီကုန်းဘိုးဘွားရိပ်သာအားကြည့်ရှုစစ်ဆေးခြင်း
နှင်းဆီကုန်းဘိုးဘွားရိပ်သာအားကြည့်ရှုစစ်ဆေးခြင်း
Myanmar National Human Rights Commission/ yangon / January 27, 2023
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေအဖွဲ့သည် ၂၇-၁-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များနှင့် အဆောက်အအုံများတွင် သက်ကြီးရွယ်အိုများ နေထိုင်မှုအခြေအနေ၊ အဆောက်အအုံများအတွင်း အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု ရှိ၊ မရှိ အခြေအနေ စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ နှင်းဆီကုန်းဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်