နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခြင်း
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခြင်း
Ministry of Home Affairs/ နေပြည်တော် / May 03, 2026
၂၀၂၆ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ ၂ ရက် နံနက် ၈ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ခြင်းကို နေပြည် တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်၊ စုစုပေါင်း ၈၀ ဦးတို့ကို လိုက်လံကြည်ရှု့အားပေးပြီး ခွန်အားဖြည့် အာဟာရအစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) သန့်ရှင်းသပ်ရပ်ရေးအတွက် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ဦးဖြင့် ဆေးရုံဝင်းအတွင်း အမှိုက်များရှင်းလင်းခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
