ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


Ministry of Home Affairs/ နေပြည်တော် / December 16, 2025


   ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်းစသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

   ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်နေ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးချို အသုံးပြုသည့် Facebook အကောင့်သို့ အခြားအကောင့်များဖြင့် Voice Call ခေါ်၍ “ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ပါက သတ်ပစ်မည်” ဟု ခြိမ်းခြောက်ခြင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ဦးအေးချို အသုံးပြုသည့် Facebook အကောင့်သို့ “ကောင်းကင်ပြာ” Facebook အကောင့်မှ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ဖုန်းနံပါတ် 09-782682157 ဖြင့် ဦးအေးချိုအား ဆက်သွယ်ကာ 09-255597009 Mg Kyaw Thet KBZ Pay သို့ ငွေကျပ် ငါးသိန်းလွှဲပေးရန်နှင့် ၎င်းငွေအား မပေးပါက ဦးအေးချိုအား မဲဆွယ်စည်းရုံးခြင်း မပြုနိုင်စေရန် လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားလွှင့်တင်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်း၊ ဒီဇင်ဘာ ၂ ရက်တွင် ဦးအေးချိုထံသို့ ဖုန်းနံပါတ် 09-978742827 ဖြင့် ထပ်မံဆက်သွယ်လာပြီး ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် “ကောင်းကင်ပြာ” Face book အကောင့်၊ ဖုန်းနံပါတ် 09-782682157၊ 09-255597009 Mg Kyaw Thet KBZ Pay အကောင့်နှင့် ဖုန်းနံပါတ် 09-978742827 ပိုင်ရှင်(စိစစ်ဆဲ)တို့အား ဒီဇင်ဘာ ၉ ရက်တွင် တာမွေမြို့မရဲစခန်း (ပ)၃၇၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း။

   အလားတူ နိုဝင်ဘာ ၂၅ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ၎င်းတို့အခေါ် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) မှ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင် ရာလုပ်ငန်းစဉ်များကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ကိုင်ဆောင်ကာ ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)မှ တာဝန်ရှိသူများအား ဒီဇင်ဘာ ၁၀ ရက်တွင် လွိုင်ကော်မြို့မရဲစခန်း (ပ)၂၅၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ တုံးပုံကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း(တုံးပုံ)မှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်ဇင်မြင့်(၃၇)နှစ်သည် တုံးပုံကျေးရွာနှင့် နုတ်ချိုကျေးရွာကြားရှိ ယာခင်းတဲ၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး ၎င်းနှင့်အတူ အခြေခံပညာမူလတန်းကျောင်း(တုံးပုံ)မှ ဆရာ၊ ဆရာမများအားလုံး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာ ၈ ရက်တွင် ရွှေကူမြို့မရဲစခန်း (ပ)၁၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လွယ်မွေလမ်းနှင့် မီးစက်လမ်းထောင့်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသူ (စိစစ်ဆဲ)အား ဒီဇင်ဘာ ၈ ရက်တွင် ကျိုင်းတုံမြို့မရဲစခန်း (ပ)၂၀၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၉ ရက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ထွေးသည် နေအိမ်၌ရှိနေစဉ် ၎င်း၏လက်ကိုင်ဖုန်းသို့ KIO လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ အရာရှိအဆင့်ရှိ ဇော်မိုင်ဆိုသူမှ ဖုန်းနံပါတ် 09-678735668 ဖြင့် ခေါ်ဆို၍ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာ အ ခြေခံပညာအထက်တန်းကျောင်း၌ မဲရုံဖွင့်လှစ်ထားခြင်းအား မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သ ဖြင့် KIO လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဇော်မိုင် အား ဒီဇင်ဘာ ၁၂ ရက်တွင် မိုးညှင်းမြို့မရဲစခန်း (ပ)၁၇၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့်လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီတွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေဂဲကုန်းကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်း(ရေလဲ)မှ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းအေး (၄၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ရောက်ရှိလာပြီး ၎င်းအားရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာ ၁၁ ရက်တွင် ရွှေကူမြို့မရဲစခန်း (ပ)၁၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၁၁ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံ ကြံခင်းဈေးထောင့်၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား ဒီဇင်ဘာ ၁၁ ရက်တွင် မြဝတီမြို့မရဲစခန်း (ပ)၂၈၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၁၂ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသား နှစ်ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် လှီးဖြတ်ဖျက်ဆီးခဲ့သဖြင့် အမျိုးသား နှစ်ဦး(စိစစ်ဆဲ)အား ဒီဇင်ဘာ ၁၂ ရက်တွင် ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၉၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့်လည်းကောင်း။

   ထို့အတူ ဒီဇင်ဘာ ၁၃ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား အမျိုးသား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး တွန်းလှဲဖျက်ဆီးခဲ့သဖြင့် အမျိုးသား နှစ်ဦး (စိစစ်ဆဲ)အား ဒီဇင်ဘာ ၁၄ ရက်တွင် ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၉၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ ဖမ်းဆီးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,