ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်း များအား မီးရှို့ဖျက်ဆီး
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်း များအား မီးရှို့ဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / January 15, 2022

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြား နေမှုအားမလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတရာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်း များအား အကြမ်းဖက်သူလူတစ်စု(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်းရှိ (၉၀x၃၀)ပေ ကွန်ကရစ်ခင်း၊ အုတ်ကာ၊ သွပ်မိုးသုံးခန်းတွဲ ကျောင်းဆောင်၏ အစွန်ဆုံးအခန်းအတွင်းရှိ ကော် ထိုင်ခုံလေးခုံ၊ အမှိုက်ပုံးနှစ်ပုံး၊ စာသင်ခုံ ၂၅ ခုံ၊ White Board တစ်ခု၊ ကော်ပုံးတစ်ခုတို့ မီးလောင် ပျက်စီးကာ မှန်ပြတင်းပေါက် သုံးချပ်ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။