ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်(၄၅/၂)တွင် ယာဉ်တိမ်းမှောက်မှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်(၄၅/၂)တွင် ယာဉ်တိမ်းမှောက်မှု


Ministry of Home Affairs/ နေပြည်တော် / July 12, 2022


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်(၄၅/၂)တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ ၀၆၁၅ အချိန်ခန့်က ပြင်ဦးလွင်မှ ရန်ကုန်သို့ ယာဉ်မောင်း မော်သွင်ထူး မောင်းနှင်လာသော YGN-3Q/XXXX SUNLONG (ဖြူ/ဝါကြား) “ရွှေလရောင်” ခရီးသည်တင်ယာဉ်သည် ရှေ့ကားအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားအောက်သို့ ထိုးကျပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်း၊ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့် ဘောနီအမြန်လမ်း မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များသည် စုစုပေါင်းရှာဖွေကယ်ဆယ်ရေးယာဉ် ၄ စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ သူနာတင်ယာဉ် ၂ စီး၊ အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၈၀၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးအနက် ယာဉ်မောင်း အမျိုးသား ၁ ဦး၊ တင်ပါးဆုံနှင့် ခါးပေါက်ပြဲ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး လက်မောင်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦး တင်ပါး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် အမျိုးသား ၁ ဦး (သေဆုံး)တို့အား ပဲခူး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် “ရွှေလရောင်” ခရီးသည်တင်ယာဉ်၏  ကားခေါင်း ကြေမွပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ နောက်ကြည့်မှန် ပျက်စီးခဲ့ပြီး ယာဉ်မောင်း မော်သွင်ထူးအား ဘောနီအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,