ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ သစ်များ တရားမဝင် သယ်ဆောင်နေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ သစ်များ တရားမဝင် သယ်ဆောင်နေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / September 21, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ သစ်များ တရားမဝင် သယ်ဆောင်နေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ပဲခူးမြစ်အတွင်း ဝါးဖောင်ဖြင့် သစ်များ တရားမဝင် သယ်ဆောင်နေကြောင်း သတင်းအရ ပဲခူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကာလီဗာရေဆိပ်ရှိ ဝါးဖောင်အောက်တွင် သိုဝှက်သယ်ဆောင်လာသည့် သစ်များအား ကမ်းစပ်ကုန်းပေါ်၌ ပဲခူးမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ထွန်းထွန်း(၄၂)နှစ်နှင့် ရွာသစ်ရပ်ကွက်နေ အာကာကျော်(၂၄)နှစ်တို့သည် သစ်များအား ချိန်းဇောစက်ဖြင့် ခွဲစိတ်၍ သယ်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ စုစုပေါင်း မျောက်ငိုသစ် ဆိုဒ်စုံ ၆ ချောင်း၊ ဒီဒူးသစ် ဆိုဒ်စုံ ၆ ချောင်း၊ သရက်နီသစ် ဆိုဒ်စုံ ၂ ချောင်း၊ စုစုပေါင်း ၂.၈၈၄၂ တန်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သစ်များနှင့်ပတ်သက်၍ စစ်မေးရာ သစ်ပိုင်ရှင်မှာ ရွာသစ်ရပ်ကွက်နေ ကျော်ဝေ၏ သစ်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ထွန်းထွန်း၊ အာကာကျော်နှင့် ကျော်ဝေတို့အား ပဲခူးမြိုမရဲစခန်း (ပ)၃၂၈/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၄၁(က)/ ၄၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ကျော်ဝေအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။