ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / November 26, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရွှေကျွန်းသစ်ကားဂိတ်နေ ဒေါ်ဇာဇာ(၃၅)နှစ်သည် နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ တောင်ငူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား အဆိုပါကားဂိတ်အခန်းခုတင်ပေါ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇာဇာ အား တောင်ငူမြို့မရဲစခန်း (ပ)၂၅၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
