ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၌ နေအိမ် မီးလောင်မှု
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / November 27, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၌ ပိုင်ရှင် ဦးလှဝင်းနိုင်(၅၄)နှစ်၏ ၁၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် လျှပ်စစ်ရေနွေးအိုး တည်ထားရာမှ အပူလွန်ကဲပြီး ကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာယာဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် လှဝင်းနိုင် အား သုံးဆယ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
