ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / December 23, 2025
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ဒီဇင်ဘာ ၂၂ ရက်က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၇ မိုင် ၀ ဖာလုံအနီး ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သတင်းအရ ညောင်ခြေထောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူမြို့မှ ဖြူးမြို့ဘက်သို့ လှည်းကူးမြို့နယ်၊ အောင်မင်္ဂ လာရပ်ကွက်နေ အောင်အောင်ထွန်း(၄၃)နှစ် မောင်းနှင် လာသည့် ယာယီ/XXXX FAW အဖြူရောင် ၂၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်ပြီး လမ်းဘေးတွင် ၇၇ယ/ XXXX CANDA WAVE-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ဈေးရောင်းချနေသူ အုတ်တွင်းမြို့နယ်၊ သာဂရကျေးရွာနေ ဦးအေးမင်း(၅၇)နှစ်နှင့် ဈေးဝယ်နေသည့် ဘုရားနှစ်ဆူကျေးရွာနေ ဒေါ်နွဲ့ရီ(၄၆)နှစ် တို့ နှစ်ဦးအား ထပ်မံတိုက်မိခဲ့သဖြင့် ဒေါ်နွဲ့ရီတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးအေးမင်းတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် အောင်အောင်ထွန်းအား ညောင်ခြေထောက်နယ်မြေ ရဲစခန်း ယာဉ် (ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
