ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ကြက်တိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ကြက်တိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 19, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ကြက်တိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာ၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအ ရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အောင်သန်းဇော်(၄၀)နှစ်ပါ အမျိုးသား ၁၃ ဦးအား တိုက်ကြက်ဖ လေးကောင်၊ မော်တော်ဆိုင်ကယ် ခုနစ်စီး၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်သန်းဇော်ပါ ၁၃ ဦးအား မင်းလှမြို့မရဲစခန်း (ပ)၆/ ၂၀၂၆၊ လောင်းကစားဥ ပဒေပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
