ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2022

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ကျော်စံမင်း မောင်းနှင်ပြီး ဇော်မင်းဦးနှင့် အောင်ဗလတို့လိုက်ပါလာသည့် NISSAN ၁၀ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၈၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ် ချက်အရ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးမြို့၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ဦးစီးသယ်ဆောင်သူများဖြစ်ကြသည့် အောင်နိုင်နှင့် ဖိုးဇော်တို့ နှစ်ဦးအား SURF မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ငါးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။