ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / April 02, 2024
image_latest


နေပြည်တော် ဧပြီ ၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဤရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် စာရင်းချုပ်ရုံး၊ ခရိုင်/ မြို့နယ် ဒေသ စာရင်းစစ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ ဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အဖွင့်အမှာစကားပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံ၏ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ် တိုးတက်ကောင်းမွန်စေရေးကို ဦးတည်လျက် ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့သည့် ဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လာခဲ့သည်မှာ ဧပြီ ၁ ရက်တွင် (၈၇) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့ရုံးအနေဖြင့် အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် စစ်ဆေးရေးလုပ်ငန်းများကို ခေတ်စနစ်နှင့် ကိုက်ညီသည့် စစ်ဆေးရေးစံ၊ စစ်ဆေးရေး နည်းလမ်းများဖြင့် ပြောင်းလဲကျင့်သုံး စစ်ဆေးလျက်ရှိပြီး အထက်အဖွဲ့အစည်းများ၏ တာဝန်ပေးမှုနှင့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုအရ စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍတွင် စာရင်းပညာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ အပြင် ဘွဲ့လွန်ဒီပလိုမာအဆင့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများ - IFRS သင်တန်း၊ နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ-IPSAS သင်တန်း၊ ဌာနတွင်းစစ်ဆေးခြင်း သင်တန်းများစသည့် သင်တန်းအမျိုးအစားအသစ်များ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ ရုံးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ အဖွဲ့အစည်းမှ ချမှတ်ထားသည့် ကျင့်ဝတ်စံတန်ဖိုးများကို လိုက်နာပြီး နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းလွှာ Video Clip ဖွင့်လှစ်ပြသခြင်း၊ အထိမ်းအမှတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အနေဖြင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲနှင့် ပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ယင်းနောက် ဆုများချီးမြှင့် ရွေးချယ်မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့မှ ဆုအမျိုးအစားအလိုက် ဆုရရှိသူ ၁၈၇ ဦးကို ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြကာ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကားပြောကြား၍ ဝန်ထမ်းများ၊ ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်း ရင်သွေးငယ်များက ဖျော်ဖြေခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် တေးသီချင်း ဖျော်ဖြေရေး အစီအစဉ်များကို ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,