ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / October 08, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နှစ်ကျိပ်ရှစ်ဆူ သီတင်းကျွတ်ဘုရားပွဲ လှည့်လည်ဖျော်ဖြေရေးပွဲအား လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာနေ သန့်ဇင်လတ်(၃၅) နှစ်အား အရိုး/အသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ထားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရွာကောက်နယ်မြေရဲစခန်း (ပ)၈၂/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ သဲကုန်းကျေးရွာနေ ကျော်ထက်(၄၆)နှစ်အား အရိုး/အသွား ၈ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ထားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရွာကောက်နယ်မြေရဲစခန်း (ပ)၈၃/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနေ လင်းလင်း(၃၀)နှစ်အား အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်ထားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရွာကောက်နယ် မြေရဲစခန်း (ပ)၈၄/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင် ရွက်နေစဉ် အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်လမ်းမပေါ်၌ လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေ ဝင်းမင်းထက်(ခ)ထက်ကြီး(၄၂)နှစ်အား မသင်္ကာတွေ့ရှိရ၍ စစ် ဆေးခဲ့ရာ ၎င်း၏ခါးကြားမှ အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝင်းမင်းထက်(ခ)ထက်ကြီး အား အမရပူရမြို့မရဲ စခန်း (ပ)၃၂၉/၂၀၂၅၊ လက်နက်ဥဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
