ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / January 13, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၅ မိုင် ၃ ဖာလုံအနီးအရောက်၌ ယက္ကန်းစင်ကျေးရွာနေ နိုင်နိုင်(ခ)မှေးကြီး(၃၁)နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ အရိုး၊ အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နိုင်နိုင်(ခ) မှေးကြီး အား လယ်ဝေးမြို့မရဲစခန်း (ပ)၁၄/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။

     အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မှန်တန်းရပ်ကွက်၊ ဗားကရာကွေ့ အရောက်၌ ရွှေကြက်ယက်ကျေးရွာနေ ရှိုင်းထက်ကျော်(ခ)ရှိုင်းကြီး(ခ)သူထူးစံ(၂၃)နှစ်အား အရိုး၊ အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရှိုင်းထက်ကျော်(ခ)ရှိုင်းကြီး(ခ)သူထူးစံ အား အမရပူရမြို့မရဲစခန်း (ပ)၈/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,