ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိခန်းမ၌ နိုင်ငံတကာအားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / March 06, 2026
၂၀၂၆ ခုနှစ်၊ မတ် ၅ ရက် နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိခန်းမ၌ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းမှ ဆုရရှိခဲ့သည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။