ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / March 31, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၂၈ ရက် ည ၁၂ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနား-သာဝတ္ထိမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၂၀၉ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အေလာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အေလာလေဆိပ်လမ်းဆုံမှ ကြာအင်းကျေးရွာဘက်သို့ ကြာအင်းကျေးရွာနေ ဝေယံထွန်း(၂၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ကုလား(၁၉)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ခွေးအိပ်ချောင်းကျေးရွာနေ ကိုနိုင်(၂၈)နှစ် မောင်းနှင်သည့် MDY-7/2E-XXXX CHENGLONG တွဲမော်တော်ယာဉ်အား အနောက်မှ ဝင်ရောက် တိုက်မိခဲ့သဖြင့် ဝေယံထွန်းနှင့်ကုလားတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဝေယံထွန်း အား အေလာနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။