ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် UNOCHA ၏ ယာယီအကြီးအကဲအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် UNOCHA ၏ ယာယီအကြီးအကဲအား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / June 01, 2023
image_latest


နေပြည်တော် မေ ၃၁

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် အဆင်ပြေချောမွေ့ရေး၊ ထိရောက်မှုရှိစေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကိုဆွေးနွေးသည်။

သတင်းစဉ်

HOT NEWS
January 4,