ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / September 26, 2023
နေပြည်တော် စက်တင်ဘာ ၂၆
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေးဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးကိစ၊ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းကဏ္ဍတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်နိုင်ရေးအတွက် နည်းပညာဆိုင်ရာပံ့ပိုး ကူညီရေးကိစ္စရပ်များ၊ (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ဖိုရမ်သို့တက်ရောက်စဉ် ဆောင်ရွက်မည့်အစီအစဉ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းများ၊ Seimic လုပ်ငန်းများ၊ ရေနံချက်လုပ်ခြင်းလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်