ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေ၏ ဆည်ရေသောက်စနစ်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေ၏ ဆည်ရေသောက်စနစ်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / October 02, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံ၊ ဥတ္တရသီရိမြို့နယ်ငလိုက် ရေလှောင်တမံ၊ ဖောင်းလောင်ရေလှောင်တမံနှင့် လယ်ဝေးမြို့နယ် ဆင်အုံကန်တို့၏ရေ သိုလှောင်ထားရှိမှုနှင့် ရေသောက်စနစ်များအတွင်း ရေပေးဝေနေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မိမိတို့ဌာနက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေဖူလုံမှုကို ထိခိုက်မှုမရှိစေရေးအတွက် ဆည်ရေစုဆောင်းခြင်းလုပ်ငန်းအပါအဝင် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေ့စဉ်မိုးရေချိန်မှတ်တမ်းထားရှိသကဲ့သို့ ရေဝေရေလဲဧရိယာများ၏ မိုးရွာသွန်းမှုနှင့် စီးဆင်းရေအခြေအနေကိုပါ စနစ်တကျ လေ့လာမှတ်တမ်းတင်ရန်၊ ဆည်ရေသောက်စနစ်ပြင်ပရှိ စိုက်ကွင်းများ၏ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင်နှင့် မြေအောက်ရေ အသုံးပြုနိုင်ရေးအပြင် ချောင်းပိတ် မြောင်းပိတ်လျှိုပိတ်များ ဆောင်ရွက်ရန်၊ ဆည်ရေကိုထိထိရောက်ရောက်သုံးစွဲနိုင်ရေးနှင့် ရေသောက်စနစ်များ အားလုံးမြေလွတ်မကျန် ဧရိယာပြည့်စိုက်ပျိုးနိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေသည့် သီးနှံပုံစံများရွေးချယ်ပေးပြီး တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ် နိုင်စွမ်းမြင့်မားရေးကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။

ငလိုက်ရေလှောင်တမံတွင် ယခင်နှစ်က ရေဧကပေ ၁၇၀၀၀ ကျော်ခန့် သိုလှောင်နိုင်ခဲ့ပြီး ယခု နှစ်တွင် ရေဧကပေ ၆၃၀၀၀ ကျော်၊ ဖောင်းလောင်တမံတွင် ယခင်နှစ်က ရေဧကပေ ၄၀၀၀ ကျော်ခန့် သိုလှောင်နိုင်ခဲ့ကာ ယခုနှစ်တွင် ရေဧကပေ ၄၇၀၀ ကျော်၊ ချောင်းမငယ်တွင် ယခင်နှစ်ကာလတူက ရေဧကပေ ၃၅၀၀၀ ကျော်ခန့် သိုလှောင်နိုင်ခဲ့ပြီး ယခုနှစ်တွင် ရေဧကပေ ၄၁၀၀၀ ကျော်၊ မဒန်းတမံတွင် ယခင်နှစ်ကာလတူက ရေဧကပေ ၉၃၀၀ ကျော်ခန့် သိုလှောင်နိုင်ခဲ့ကာ ယခုနှစ်တွင် ရေဧကပေ ၁၀၂၀၀ ကျော် သိုလှောင်ထားရှိနိုင်သည့်နည်းတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ ထိန်းသိမ်းထားသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်ရေလှောင်တမံ ၁၂ ခုတွင် ယခင်နှစ် ကာလတူဝင်ရေ မှတ်တမ်းများအရ ယခုနှစ်တွင် ဆည်ရေပိုမိုစုဆောင်း သိုလှောင်နိုင်လျက်ရှိကြောင်း၊ အယ်လ်နီညိုကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေ၏ သောက်သုံးရေနှင့် စိုက်ပျိုးရေဖူလုံမှုအပေါ် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,