ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာရှနှင့် ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာရှနှင့် ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ


Ministry of Information/ Naypyitaw / May 02, 2024
image_latest


နေပြည်တော် မေ ၁

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International Convention Center (BICC) ၌ မေ ၂ ရက် မှ ၄ ရက်အထိကျင်းပမည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှအင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ထွက်ခွာသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါကွန်ဖရင့်အား “ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းနှင့် အနာဂတ်တွင် အားလုံးပါဝင်မှုဖော်ဆောင်နိုင်ရေး အမျိုးသမီးများ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်များ (“Woman-Led Initiatives Shaping The Future of Inclusive and Sustainable Tourism”) ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးအဆင့်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။ ကွန်ဖရင့်ကို ခရီးသွားလုပ်ငန်းကဏ္ဍတွင် အခွင့်အလမ်းများဖွင့်လှစ်နိုင်ရေးအတွက် အမျိုးသမီးများ၏ဦးဆောင်နိုင်မည့် အစပြုမှုအစီအစဉ်များကို ရှာဖွေဖော်ထုတ်သွားရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,