ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / May 24, 2024


နေပြည်တော် မေ ၂၃

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားပြည်သူများ အပြန်အလှန် သွားလာလည် ပတ်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှု၊ နားလည်မှုများ ဖလှယ်ခြင်းမှတစ်ဆင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အပြန်အလှန် သွားလာလည်ပတ်မှုမြှင့်တင်ရေး၊ မြန်မာ - အိန္ဒိယ- သီရိလင်္ကာ - နီပေါ- ဘူတန်နိုင်ငံများနှင့် ပူးပေါင်း၍ ဘုရားဖူးခရီးစဉ်များ မြှင့်တင် ဆောင်ရွက်လိုမှု၊ ယခင်ပြေးဆွဲခဲ့သော ရန်ကုန်-ဒါကာ၊ ဒါကာ-ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပင်လယ် ကမ်းရိုးတန်းဆိုင်ရာ ပို့ဆောင်ရေးသဘောတူညီချက် အစီအစဉ်များ ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာ ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် နှစ်နိုင်ငံ အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

HOT NEWS
January 4,