ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များအား တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များအား တွေ့ဆုံ
Ministry of Information/ Naypyitaw / July 01, 2025

ရန်ကုန် ဇွန် ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဝါသနာရှင်များ၏ အရည်အသွေးပြည့်ကောင်းမွန်သည့်စာမူများကို စာအုပ်အဖြစ်ထွက်ပေါ်လာစေရန် ပျိုးထောင်အားပေးသော စာပေဗိမာန်စာမူဆုများကို ၁၉၄၈ ခုနှစ်မှ စတင်၍ အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်လာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါကြောင်း။
ယခုနှစ်တွင်လည်း စာကောင်းပေမွန်များနှင့် ဘဝတစ်သက်တာလုံး စာပေ၌ နှစ်မြှုပ်ထားခဲ့ကြသည့် စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆုများ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)နှင့် တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်