ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / January 21, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secret-ary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသက်တမ်းတိုးမြှင့်နိုင်ရေး၊ မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးများ အသုံးပြုမှုအဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်ကူးလူးဆက်ဆံမှုများကို တွန်းအားပေးဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။       

သတင်းစဉ်